Truehand VPN ကို အသုံးပြုရန် ဝယ်ယူနည်းနှင့် သက်တမ်းတိုးနည်းများကို အသေးစိပ် ဖော်ပြထားပါသည်။
Website ၏ ရှေ့ဆုံးစာမျက်နှာ (Home) တွင်ရှိသော မိမိနှစ်သက်ရာ (၁ လ၊ ၃ လ၊ သို့မဟုတ် ၁ နှစ်) Plan ကို ရွေးချယ်ပါ။ Plan ကို ရွေးလိုက်သည်နှင့် အောက်ရှိ ငွေပေးချေမှုအပိုင်း (Payment Section) တွင် အချက်အလက်များ အလိုအလျောက် ပေါ်လာပါလိမ့်မည်။
ဖော်ပြထားသော KPay (သို့မဟုတ်) Wave Money QR Code ကို Scan ဖတ်၍ဖြစ်စေ၊ ဖုန်းနံပါတ်ကို Copy ယူ၍ဖြစ်စေ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ငွေလွှဲပေးချေပါ။
ငွေလွှဲပြီးကြောင်း အထောက်အထား Screenshot ကို "Uplaod Payment Logic" နေရာတွင် တင်ပေးပါ။ Transaction ID အမှန်ကိုလည်း ရိုက်ထည့်ပေးရန် လိုအပ်ပါသည်။
တင်ပေးလိုက်သော အချက်အလက်များကို Admin မှ စစ်ဆေးပြီး အတည်ပြုပေးပါလိမ့်မည်။ အတည်ပြုပြီးသည်နှင့် သင်၏ Key သည် "Your VPN Keys" ကဏ္ဍတွင် အလိုအလျောက် ပေါ်လာပါလိမ့်မည်။ (ပထမဆုံးဝယ်သူများအတွက် browser တွင် Key မှတ်သားထားရန် မူရင်းစာမျက်နှာကို Bookmark လုပ်ထားပါ)
မိမိအသုံးပြုနေသော လက်ရှိ Key များကို "Your VPN Keys" ကဏ္ဍတွင် တွေ့ရပါမည်။
မိမိ သက်တမ်းတိုးလိုသော Key ၏ ဘေးရှိ Renew ခလုတ်ကို နှိပ်ပါ။
Renew ခလုတ်နှိပ်လိုက်သည်နှင့် ငွေပေးချေမှုအပိုင်းသည် "Renew Mode" သို့ ပြောင်းလဲသွားပါမည်။ မိမိတိုးလိုသော Plan ကို ထပ်မံရွေးချယ်ပြီး နောက်ဆုံးအဆင့်အထိ ငွေပေးချေမှု ပြုလုပ်ပါ။
Admin မှ အတည်ပြုပေးပြီးသည်နှင့် သင်၏ Key သည် နဂိုရှိပြီးသား Key အတိုင်းပဲဖြစ်ပြီး Expiry Date (သက်တမ်းကုန်ဆုံးရက်) သာ အလိုအလျောက် တိုးသွားပါလိမ့်မည်။ Key အသစ် လဲစရာ မလိုပါ။